မုံရွာ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေး၊ စာပေချစ်မြတ်နိုးစိတ်များ ပိုမိုတိုးပွာလာစေရေး၊ အတွေးအခေါ်အသိအမြင်များ အချင်းချင်းဖလှယ်တတ်စေရေး၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရေးရည်ရွယ်၍ “အပြောင် မြောက်ဆုံးဘဝတစ်ခုကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ဇန်နဝါရီလ ၂၅ ရက် နေ့လယ်(၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထရရှိစေခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသော ဗဟုသုတများကို လူမှု ပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ အဖွဲ့ဝင် ဆရာနေမင်းသန်းက စာရေးဆရာ ဒေါက်တာဖေမြင့် ရေးသားသော “အပြောင်မြောက် ဆုံးဘဝတစ်ခုကို တည်ဆောက်ခြင်း” စာအုပ်တွင်ပါရှိသော အတွေးအမြင်ဆိုင်ရာ ဆောင်းပါး အကြောင်းအရာများကိုလည်းကောင်း၊ ဆရာမြတ်သုတ(မြန်မာစာ)" လောကကြီးထဲမှာ မိမိ နေရာကို ရှာဖွေခြင်း "အပါအဝင် အတွေးအမြင်ဆိုင်ရာ ဆောင်းပါး အကြောင်းအရာများကို လည်းကောင်းဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်းအဖွဲ့ဝင်များက တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)