ငပလီမြို့တွင် Mobile စနစ်ဖြင့် စာအုပ်စာပေများကို အိမ်တိုင်ရာရောက်စနစ်ဖြင့် ငှါးရမ်းပေးလျက်ရှိ

ငပလီ   ဇန်နဝါရီ - ၂၆

ရခိုင်ပြည်နယ် ၊ ငပလီမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာဗဟုသုတ ရရှိစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်ငှါးရမ်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ငပလီမြို့ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်စာစောင်များငှါးရမ်းပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ စာအုပ်ငှါးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သွားရောက်ငှါးရန်းပေးခြင်း ဖြစ်ပြီး ရုံးစာကြည့်တိုက်သို့ လာရောက်မငှါးရမ်းနိုင်သည့် စာဖတ်ပရိတ်သတ်များ အဆင်ပြေစေရေးအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဗဟုသုတရရှိမည့် စာကောင်းပေကောင်းများကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။

ငပလီ ၊ ပြန်/ဆက်