ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် မြေပြင်တွင်အိမ် ထောင်စုစာရင်းနှင့် တိုက်ဆိုင်၍ ကိုင်ဆောင်လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်

ဒေါပုံ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက်(၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ဝန်ဆောင်ပေးခြင်းကို  ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ဒုလဝကမှူး ဒေါ်ဆုမွန်သက်နှင့် ဝန်ထမ်း(၃)ဦးသည် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းမရှိပဲ  ခရီးသွားလာမှု ရှိ/မရှိ၊ ရပ်ကွက်အတွင်း အမြဲတမ်းနေထိုင်သူများကို သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ ရပ်ကွက်အတွင်း ဘိုးစဉ်ဘောင်ဆက် နေထိုင်သူများအား အမြဲနေထိုင်မည်ဆိုပါက အိမ်ထောင်စုစာရင်းပြုလုပ် ပေးရန်၊ အခြားတစ်နေရာမှ ပြောင်းရွှေ့လာသောသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ အိမ်ထောင်စု စာရင်းပြုလုပ်ပေးရန်၊ အိမ်ထောင်စုစာရင်း မရှိသူများအား ပြုလုပ်ပေးရန်နှင့် လက်ရှိမြေပြင်တွင် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်၍ ကိုင်ဆောင်လက်မှတ်ရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုးကျော်သူညွန့် ထံမှ သိရသည်။

ယဉ်မော်(ပြန်/ဆက်)