တပ်ကုန်း ဇန်နဝါရီ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဇန်နဝါရီ ၂၆ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က စိန်ရတုပြည်ထောင်စု နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)က “ပြည်ထောင်စုနေ့သမိုင်း အကြောင်း” ခေါင်းစဉ်နှင့် အဖွဲ့ဝင်ဖြစ်သည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)က “ပြည်ထောင်စုနေ့ဒို့မမေ့” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြပြီး၊ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)