မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်

မောက်မယ်   ဇန်နဝါရီ   ၂၇

ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ အိုမီခရွန်( OMICRON ) COVID-19 မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့ မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ မောက်မယ်မြို့နယ် အတွင်းရှိ ပြည်သူများအား မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် ယမန်နေ့ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် မြန်မာ ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည်နိုးဆော်ခဲ့ကြောင်းသိရသည်။

 ထိုသို့အသိပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်(OMICRON) ရောဂါဆိုင်ရာ လက္ခဏာများနှင့်ပတ်သက်၍ အိုမီခရွွန်သည် မူလ ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ် ဆေးများ၏ထိရောက်မှုလျော့ကျနိုင်ခြင်း ၊ ယခင်COVID-19ဖြစ်ဖူးသူများလည်း  ထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Maskတပ်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေ အကွာနေထိုင်ခြင်း၊ အခွင့်အရေးရရှိပါက ကာကွယ်ဆေး ထိုးနှံကြရန်စသည့် အချက်အလက်များအား အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)