ချောင်းသာမြို့၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချောင်းသာ ဇန်နဝါရီ ၂၇ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာပထမအကြိမ်ကာကွယ် ဆေး ထိုးနှံပြီး သတ်မှတ်ရက်ပြည့်မြောက်သည့် ပြည်သူများကိုယနေ့နံနက် ၉ နာရီက ဘုတ်ဆုံမ အခမဲ့ ပညာဒါန ကျောင်းဆောင်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ   ပထမအကြိမ်   ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေးရာတွင်  မြို့ကျန်းမာရေးမှူး ဦးထွန်းအောင်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း များ၊ ကြက်ခြေနီတပ်ဖွဲ့များက၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီး ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်း တာခြင်း နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင်စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိ မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ကာကွယ်ဆေးထိုးပြီးချိန်တွင် နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပထမ အကြိမ် ကာ ကွယ် ဆေးထိုးနှံပြီးခဲ့သည့် ချောင်းသာမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်နှင့် ကျေး ရွာမှ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်