မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက အ.ထ.က (မိုင်းဆတ်)မြတ်ပညာ ကျင်းပခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မိုင်းဆတ်မြို့နယ်အတွင်းရှိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး ကျန်ရှိသည့် ပြိုင်ပွဲများကို ဇန်နဝါရီလ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့ထိ ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှထံမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)