ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ  စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ဂွ  ဇန်နဝါရီ     ၂၇

ရခိုင်ပြည်နယ်၊   ဂွမြို့နယ်တွင်    မြို့နယ်အတွင်း   ရပ်ရွာအေးချမ်းသာယာရေးနှင့်     လုံခြုံရေးအတွက်  မြို့ပေါ်ရပ်ကွက်များအား ဧည့်စာရင်း   စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့   ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊    မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာနမှ    တာဝန်ရှိသူများ၊ ကင်းရုံးရပ်ကွက်   အုပ်ချုပ်ရေးမှူးတို့ပါဝင်သော    ပူးပေါင်းရေးအဖွဲ့သည်  ကင်းရုံးရပ်ကွက်၊ ဖောင်တော် ဆိပ်ကမ်းရှိ အိမ်ထောင်စု(၁၃)စုတို့မှ   ကျား(၃၀)ဦး၊   မ(၂၅)ဦး၊   စုစုပေါင်း (၅၅)ဦးတို့အား     ဧည့်စာရင်းစစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ရာ   ထူးခြားမှုတစ်စုံတရာ မရှိခဲ့ကြောင်း   သတင်းရရှိသည်။

 

ရွှေရည်ဝင်းကျော်