ငါ့သရောက်ငါ့သရောက် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အမှတ်(၁)မြောက်ကုန်းရက်ကွက် တွင်တည်ရှိသော စွန်စိုက် ဘုန်းတော်ကြီးကျောင်းတော်ကြီးတွင် အသစ်တည်ဆောက်လျက်ရှိသော ဥဒ္ဒိဿစေတီတော်သစ်တည်ရာသို့ ငါ့သရောက် မြို့ရှိဝန်ထမ်းများ စုပေါင်း၍ သွားရောက်ကာ လုပ်အားပေး ကုသိုသ်ဒါနယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဥဒ္ဒိဿစေတီတော်သစ်တည်ရာသို့ လုပ်အားပေး ကုသိုသ်ဒါနယူခြင်းကို ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် မြို့ရဲတပ်ဖွဲ့မှ မြို့စခန်းမှူးဦးအေးကျော်တို့မှ ဦးဆောင်ကာ ငါ့သရောက် မြို့ရှိ ဌာနအသီးသီးမှဝန်ထမ်းများ စုပေါင်းကာ အမှတ် (၁) မြောက်ကုန်းရက်ကွက်ရှိ စွန်စိုက် ဘုန်းတော်ကြီးကျောင်းတွင် အသစ် တည်ထားလျက်ရှိသော စေတီ၌ အုတ်သယ်ခြင်း၊ ကျောက်သယ်ခြင်း၊ သဲသယ်ခြင်းနှင့် ဘိလပ်မြေ အိပ်သယ်ခြင်း စသည်တို့ကို စုပေါင်းသယ်ယူကာ ကုသိုလ်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် စွန်စိုက်ဘုန်းတော်ကြီးကျောင်း ဆရာတော် မှ လုပ်အားပေးကုသိုသ်ယူ လာကြသော ဝန်ထမ်းများအား ထမင်း၊ ဟင်းတို့ဖြင့် ကျွေးမွေးဧည်ခံခဲ့ကြောင်း သိရသည်။
ဖြိုးဝေ( ပြန်/ဆက်)