ငွေဆောင်မြို့တွင် အသိပေးထုတ်ပြန်ချက်များ ဒေသခံပြည်သူများ သိရှိစေရေး နှိုးဆော်ဆောင်ရွက်

ငွေဆောင်   ဇန်နဝါရီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ည (၈)နာရီအချိန်မှစ၍ ဒေသခံပြည်သူများ သိရှိစေရေး ရပ်ကွက်များ အတွင်း အသိပေးသတင်းထုတ်ပြန်ချက်များ နှိုးဆော် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့နှိုးဆော်အသိပေး သတင်းထုတ်ပြန်ရာတွင် ငွေဆောင်မြို့ ရှိဒေသခံပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လုမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင် ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ထားကြောင်း သိရသည်။

မူမူသွင်