ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အားကစားအစီအစဉ်များဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကိုယ်လက် လှုပ်ရှားအားကစားအစီအစဉ်အဖြစ် အားကစားအကများကို Online မှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ သည်။

အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက် အထောက် အကူဖြစ်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ၊ လူငယ်လူရွယ်များ၊ သက်ကြီးကျန်းမာရေး လေ့လာလိုက်စားသူများနှင့် မိမိတို့ နေအိမ်၌ ကိုယ်လက်လှုပ်ရှား အားကစားများကို လိုက်ပါ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး Online မှ တစ်ဆင့် လွှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ 

နမ့်ဆန်ဒေသ(ပြန်/ဆက်)