ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်ကိုယ်ကာယလေ့ကျင့်ခန်း များသရုပ်ပြတင်ဆက်ရိုက်ကူး

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ  ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေ ထွေဗဟုသုတများ တိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီးကွင်းဆောင်ရွက်ခြင်းများနှင့် iprd Facebook page အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ပူးပေါင်းကာမြို့နယ်လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Exercise is Medicine (physical fitness dance) အစီအစဉ် အေရိုးဗစ် ကိုယ်ကာယ လေ့ကျင့်ခန်းများအား အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများမှ သရုပ်ပြတင်ဆက် ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါအေရိုးဗစ် ကိုယ်ကာယလေ့ကျင့်ခန်းများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာပြီး မိမိတို့၏အိမ်တွင်း၌ပင် ကျန်းမာရေးကိုယ်ကာယလေ့ကျင့်ခန်းများအား ပြုလုပ် ဆောင်ရွက်နိုင်စေရေးအတွက် iprd kyarinn seikkyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။

မျိုးမင်းဦး