ကော့မှူး ဇန်နဝါရီ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီ က မှော်တောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာတွင် ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုလဝကမှူး ဦးအောင်ဆန်းဝင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား အရေးပါမှုကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်-၃(က)ကျား(၃၁)ဦး၊ မ(၂၁)ဦး စုစုပေါင်း (၅၂)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ပေးနေကြောင်း သိရသည်။
ကျော်သူရ ကော့မှူး