ပိုင်ကျုံ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀နာရီက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးမှ ဦးဆောင်ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအနေဖြင့်ဘယ်လိုမျိုး အကြမ်းဖက်ခံရပါသလဲလို့ မေးမြန်းဆွေးနွေးခဲ့ရာ ပိုင်ကျုံကရင် နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်နော်အဲရှီးလာမှ အမျိုးသမီးများအပေါ် အကြမ်းဖက်တယ် ဆိုတာ နှစ်မျိုးရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အမျိုးသမီးများ အကြမ်း ဖက်မှုမခံရအောင် ကာကွယ်ရမည့်သိကောင်းစရာများ၊ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းများ၊ အကြမ်းဖက်ခြင်းများသည် အမျိုးသမီးများအပေါ်အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု လည်းဖြစ်ကြောင်း စသည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရပါသည်။
စောဂျိုးဇက်ဂျူး (ပိုင်ကျုံ)