ရသေ့တောင် ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် ရသ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဉီးအောင်စံထွန်းက ကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ် (၂၃)ဦးနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဉီးစီးမှူးက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)