လွိုင်လင်မြို့၌ အများပြည်သူများသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

လွိုင်လင် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒုတိယနေ့အဖြစ် မြို့မဈေးကြီးနှင့် အများ ပြည်သူသွားလာနေသော လမ်းဆုံများ၊ ရပ်ကွက်အတွင်းလမ်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH , NUG  နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တစ်ဆင့် နည်းမျိုးစုံ ဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် နှင့် လိုက်ပါလုပ်ဆောင်ခြင်း ပြုလုပ်ပါက အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း သိရသည်။

ထိုသို့အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး နယ်မြေမှူးများ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် ဆော်ဩခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်(၆၀၀)စောင်ကို လွိုင်လင် မြို့ပေါ်ရပ်ကွက်(၄)ခု၊ ပင်လုံမြို့ပေါ် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု (၁)ခုတို့တွင် ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်