မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းများ ဆောင်ရွက် 

မြန်အောင် ဇန်နဝါရီ    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ မြို့မ‌နေခြည်စျေး၊ သပြေကုန်း‌‌ဈေးနှင့် မြို့ပေါ်ရပ် ကွက်များရှိ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များအား  စနစ်တကျပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်အား သိရှိစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

ဝင်းဗိုလ်