ပူတာအို ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဆန်စပါးဖူလုံရေးအတွက်လာမည့်မိုးစပါးရာသီမှစတင်၍အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ(၂၆)ရက်နေ့က မချမ်းဘော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်တောင်သူများအား ပူတာအိုဒေသ ဆန်စပါးဖူလုံရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကိုတွေ့ဆုံ မေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့ပါသည်။
ဦးဌေးလွင်(ပြည်နယ်ဦးစီးမှူး)
စိုက်ပျိုးရေးဦးစီးဌာန၊ ကချင်ပြည်နယ်
လာမယ့်မိုးစပါးမှာတော့ ပထမဆုံးဒီစီမံချက်ကိုရေးဆွဲပြီးတဲ့အခါမှာ အကောင်အထည်ဖော်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေ၊ ခရိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးတော့ တောင်သူ တစ်ဦးချင်းကို တာဝန်ပေးနိုင်အောင် ဆောင်ရွက်ပါ့မယ်။ဆောင်ရွက်ပြီးတဲ့အခါမှာ တောင်သူတွေကို တာဝန်ပေးပြီးတဲ့အခါမှာ ကျွန်တော်တို့တောင်သူတွေကို စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ပညာပေးတဲ့ လုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်ပါ တယ်။မျိုးပြောင်းလဲရေးလုပ်ငန်း၊နောက်ပညာပေးတဲ့လုပ်ငန်း၊ နောက်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ နောက်အလေအလွင့်နည်း အောင်ရိတ်သိမ်းတဲ့ လုပ်ငန်းတွေ၊ နောက် Post Harvest Technology လုပ်ငန်းတွေ ပေါ့နော်။ အဲ့ဒါတွေကိုဆင့်ကဲဆင့်ကဲ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ပြီးတော့ပညာပေးတဲ့လုပ်ငန်းတွေ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
ပူတာအိုဒေသအတွင်း ဆင်းဧကရီ-၃စပါးမျိုးများကိုယခင်ကတည်းကဖြန့်ချီပြီးဖြစ်ပေမယ့် စိုက်ဧကတိုး လာအောင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ဆင်းဧကရီ-၃စပါးမျိုးအပြင် မှော်ဘီ၊ ဆင်းရွှေဝါ၊ ပုလဲသွယ်၊ ကောက် ညှင်း၊ ငစိန်၊ အထွက်ကောင်း ဧည့်မထမျိုးများ၊ ဧရာမင်းမျိုးများကိုလည်း စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် ယာစပါးမျိုး တွေဖြစ်တဲ့ ခေါက်မယို၊ယာ-၅၊အမ်ဇီ၊ဖိခိန်၊ ကဝါမန်၊ အင်တန့်မန် စတဲ့စပါးမျိုးတွေကိုလည်း စိုက်ပျိုးကြပါတယ်။ အဲ့ဒီစပါးမျိုးတွေရဲ့တစ်ဧက ပျှမ်းမျှအထွက်နှုန်းတွေက ၂၂တင်းမှ၆၄တင်းလောက်သာထွက်ရှိကြပါတယ်။ ဒါကြောင့် ထွက်နှုန်းနည်းတဲ့ မျိုးစပါးတွေနေရာမှာ အထွက်တင်း ၄၀ လောက်ပိုမိုထွက်ရှိလာမယ့် ဆင်းဧကရီ-၃ စပါးမျိုးကို အစားထိုးပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမနှစ်ဖြစ်တဲ့ ၂၀၂၂ခုနှစ်မှာ ဧကတစ်ထောင် မျိုးပြောင်းလဲရေး စီမံချက်အရ ပူတာအိုမြို့နယ်မှာ ဧက ၇၀၀၊မချမ်းဘော့မြို့နယ်မှာတော့ ဧက ၂၀၀၊ နောင်မွန်မြို့နယ် မှာတော့ ဧက ၁၀၀ စုစုပေါင်း ဧကတစ်ထောင် မျိုးပြောင်းလဲရေး လုပ်ငန်းများကိုဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ဦးဝေယံမင်းသွင်(မြို့နယ်အုပ်ချုပ်ရေးမှူး)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မချမ်းဘော့မြို့နယ်
ဆန်စပါးအနေနဲ့က ကျွန်တော်တို့မချမ်းဘော့မြို့နယ်အတွင်းကတော့ ဒေသဆန်ကတော့ဖူလုံမှုအနေ အထားရှိပါတယ်။ ဒေသဆန်ဖူလုံမှုက ၁၁၇ ရာခိုင်နှုန်းကျော်ရှိပါတယ်။နှစ်စဉ်လည်း သက်ဆိုင်ရာဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တို့နဲ့ပေါင်းစပ်ပြီးတော ့ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။နှစ်ရှည်သီးနှံတွေအတွက်ကိုလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်မယ့်အစီအစဉ်တွေလည်းရှိပါတယ်။ သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနတွေနဲ့အတူ တောင်သူတွေနဲ့ပေါ့။ သူတို့တွေကလည်း အခက်အခဲလေးတွေနဲ့သူ တို့တင်ပြချက်တွေ အပေါ်မှာလည်းနေ့စဉ်ပေါ့။ အပတ်စဉ်မဆောင်ရွက်ပေးနိုင်ရင်တောင် လစဉ်ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနိုင်တဲ့ အနေထားလေးတွေရှိပါတယ်။ မျိုးပြောင်းလဲရေး အစီအစဉ်များကို မဆောင်ရွက်နိုင်ဖို့အတွက် ဆင်းဧကရီ-၃စပါးတင်းတစ်ထောင်ကို ကြိုတင်စုဆောင်း ထားရှိပြီး မျိုးပြောင်းလဲဖို့ဆန္ဒရှိတဲ့တောင်သူတွေကိုဝယ်ယူအသုံးပြုနိုင်ဖို့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် တောင်သူများ အတွက် စပါးအရည်အသွေးနဲ့ အထွက်နှုန်း ကောင်းမွန်ဖို့အတွက်စနစ်တကျပျိုး ထောင်ကောက်စိုက်နိုင်မယ့် နည်းပညာများ ကိုဖြန့်ဝေ ပေးသွားမယ့်အပြင် ဓာတ်မြေဩဇာ အိတ်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး သွားမှာဖြစ်ပါတယ်။
ဦးရိန်ဒမ်းဆင်(စပါးစိုက်တောင်သူ)
မြို့မရပ်ကွက်၊မချမ်းဘော့မြို့
ချင်း-၃ကစိုက်တဲ့တောင်သူ လောလောဆယ်စိုက်တဲ့တောင်သူတွေက အသိပညာတွေနည်းတော့ သမာရိုးကျစပါးတွေ ပဲစိုက်နေတော့ အခုမနှစ်တစ်နှစ်ကထက်ဆိုရင် အထွက်တိုးစပါး ဆင်းဧကရီ တွေစိုက်လာတဲ့ အခါမှာ အထွက်တော့ သဘာဝမြေဩဇာနဲ့စိုက်တဲ့အခါမှာ မိရိုးဖလာအတိုင်း ဒီဒေသမှာစိုက်နေတဲ့ စပါးထက် တော့အထွက်တိုးလာ တယ်ဆို တာသိလာတယ်။
စပါး ၁၅ တင်းပိုထွက်လာတိုင်း လူတစ်ဦးအတွက် ဝမ်းစာစပါးဖူလုံနိုင်တဲ့အတွက် ပူတာအိုဒေသရဲ့လက် ရှိပျှမ်းမျှ စပါးအထွက်နှုန်းကနေ တင်း ၄၀ လောက်ပိုပြီးထွက်လာနိုင်အောင် တစ်ဧကစပါးတင်း ၁၂၀ လောက် ထွက်ရှိနိုင်တဲ့ ဆင်းဧကရီ-၃ စပါးမျိုးကိုပြောင်းလဲ သုံးစွဲနိုင်ရန်စီမံဆောင်ရွက် လာတာပဲဖြစ်ပါတယ်။စပါးမျိုး ပြောင်းလဲရေး စီမံချက်ကို ဆောင်ရွက်ရာမှာ ရည်မှန်းထားတဲ့ စိုက်ဧက တွေပြည့်မီအောင် ကျေးရွာတစ်ရွာတွင် အနည်းဆုံး ဧကငါးဆယ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အကြံပြုလမ်း ညွှန်မှာကြားခဲ့ပါတယ်။
ပူတာအိုခရိုင်အတွင်း မြို့နယ်ငါးမြို့နယ်ပါဝင်သည့် ပူတာအိုဒေသတွင် ရာခိုင်နှုန်း ၂၀ခန့် ဝမ်းစာစပါးဖူ လုံရန် လိုအပ်နေသည့်အတွက် စပါးမျိုးပြောင်းလဲသုံးစွဲနည်းအပြင် လယ်ယာမြေတိုးချဲ့နိုင်မည့် နည်းလမ်းများကို ရှာဖွေကာ (၃)နှစ်အတွင်း ဝမ်းစာဖူလုံအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။လာမည့် ၂၀၂၂-ခုနှစ် မိုးစပါးရာသီမှ စတင်ပြီး လုပ်ငန်းများ ပြင်ဆင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ၏ဦးဆောင်မှုဖြင့် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ဒေသခံတောင်သူများ နှင့်တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းဆောင်းပါးပေးပို့သူ- ဖုန်ကန်(ပူတာအို)
တွေ့ဆုံမေးမြန်းသူ- စိမ်းလဲ့သူ