ငါန်းဇွန် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ်သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည်သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက် ပဉ္စမအသုတ် ဒုတိယအကြိမ် (၂၄၇)ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၁၄၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပဉ္စမအသုတ် ဒုတိယအကြိမ် (၂၂၇၆)ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၁၉၄၆)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)