Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြည့်မြင်တိုင်မြို့နယ်တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Jan 30,2022
ပြည်ထောင်စုနေ့အကြောင်း သိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ ကြွယ်၀တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်၂ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းမှ မသီရိစန္ဒာရွှေနှင့် မခင်ထက်ထက်စံအား ဂုဏ်ပြုကြိုဆို
Jan 30,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌၂၀၂၂- ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းမှ ဒုတိယဂိုးကို သွင်းယူပေးခဲ့သူ မာန်အောင်မြို့နယ် ကြက်ရိုးကျေးရွာမှ မသီရိစန္ဒာရွှေနှင့် ဘုန်းဆိုးကြီးကျေးရွာမှ ကစားသမားမခင်ထက်ထက်စံတို့သည် ယနေ့နံနက်ပိုင်းတွင် ရွှေလင်းယုန်အမြန်ရေယာဉ်ဖြင့် မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာရာ သင်္ဘောဆိပ်ကမ်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားသမားဟောင်းများအသင်းဝင်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများက ပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
Jan 30,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးအတွက် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်
Jan 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျော့နည်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖ…
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီး လမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများ၏ ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန် တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ
Jan 30,2022
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနား ပညာရေးဒီဂရီ ကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 30,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ ပါဝင်မှုမရှိစေရေး အမ်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ၊ အမ္ဗနဒီဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများနှင့် တပ်တောင်မြို့ မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး (တာဝန်ခံ)၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းပါဝင်၍ တပ်တောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံ လမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ဖြန့်ဝေ ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ
Jan 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစား ပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ(၂၉)ရက် နေ့လယ်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက် ရှိလာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22794
Page
22795
Page
22796
Page
22797
Current page
22798
Page
22799
Page
22800
Page
22801
Page
22802
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department