အမြို့မြို့အနယ်နယ်သတင်းများ

Jan 30,2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ပြည်သူအမျိုးသား(၉၀)ဦး၊ အမျိုးသမီး(၃၇)ဦးစုစုပေါင်း(၁၂၇)ဦးကို တာဝန်ရှိသူများက ယနေ့နေ့လယ် ၁၂ နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငဖဲမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Jan 30,2022
မွန်ပြည်နယ် ​ရေးမြို့နယ်တွင်အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၂၁၁ ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦး​ကျော်​ကျော်ဦးနှင့် ရပ်ကွက်​ကျေးရွာအုပ်ချုပ်​ရေးမှူးများသည် ယ​နေ့နံနက် ၁၁ နာရီက ဘိုးဘွားများအား အိမ်တိုင်ရာရောက် ​ထောက်ပံ့​ပေးအပ်ကြောင်း သိရသည်။
Jan 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် အကြမ်းဖက် အုပ်စုများ၏ လှုံ့ဆော်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များကို ပြည်သူများမှ သိရှိလိုက်နာနိုင်ရန်အတွက် ယနေနံနက်(၉)နာရီအချိန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက မိုင်းပျဉ်း မြို့မစျေးအတွင်းရှိ စျေးဆိုင်များနှင့် မြို့တွင်းရှိ ဆိုင်ခမ်းများအား ပုံမှန်ဖွင့်လှစ်ရောင်းချရေး အ တွက် လိုက်လံအသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ အနေဖြင့် ပါဝင်ပတ်သက်မှုမရှိ စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ယမန်​​​နေ့နံနက် ၈ နာရီမှစတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် မြို့မ‌‌ဈေး၌ လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 30,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းကောင်းသော်လည်း ဈေးနှုန်းအင်မတန်ကျဆင်းနေခြင်းကြောင့် ဆီးသီးပင်ပိုင်ရှင်များ လုပ်အားခလောက်သာရရှိနေကြောင်း ဆင်သားမွေးကျေးရွာ ဦးခင်မောင်ဝင်းထံက သိရသည်။
Jan 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း  ဓာတ်အားသုံးစွဲသူပိုမိုများ ပြားလာရာ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက်  (10) MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း  သိရသည်။