အမြို့မြို့အနယ်နယ်သတင်းများ

Jan 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် စျေးဆိုင်များနှင့် ကုန်စုံဆိုင်များ ပုံမှန် ရောင်းချရေး လိုက်လံအသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 31,2022
ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် ပညာရေးဒီဂရီ ကောလိပ် ပညာညီလာခန်းမတွင် ယမန်နေ့လယ်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပသည်။
Jan 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်စိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရေး လုပ်ငန်း များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှကြီးမှူး၍ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနရုံးခန်းမ ၌ ကျင်းပခဲ့သည်။
Jan 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရေရှားပါးသည့် နွေရာသီသောက်သုံးရေ အဆင်ပြေစေရန်ရည်ရွယ်ပြီး ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ရေဂါလန် (၂၄၀၀) ဆံ့ ဖိုင်ဘာရေလှောင်ကန်များ တပ်ဆင်လှူဒါန်းမှုများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း​ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 31,2022
၂၀၂၂  ခုနှစ်၊  (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဖလား  အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၀၀)နာရီက ပြင်ဦးလွင်မြို့နယ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ   မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည် ။
Jan 31,2022
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် လမိုင်းမြို့၊ မြို့မ ၂ ရပ်ကွက် ၊ ကျိုက်ကေလာသဘုရားကွင်းတွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု)အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၇နာရီခွဲက ပြုလုပ်ခဲ့သည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာ၌ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်း သိရသည်။