အမြို့မြို့အနယ်နယ်သတင်းများ

Jan 31,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ မြို့မကျောင်းကြီး၏ ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာနှင့် အိုင့်ကျေးရွာတို့တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေကို ဒုတိယအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ထုတ်ချေးပေးအပ် ခဲ့ကြောင်း သိရသည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉နာရီခွဲအချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌန၊ ဒေါ်မေသန္တာအောင်(ဦးစီးအရာရှိ)ထံက သိရသည်။
Jan 31,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအား အဆိုပါရောဂါကာကွယ်ဆေး ထပ်ဆောင်းပြန်လည် ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 31,2022
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် မြို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် လူထု ဖြန့်စိုက်ပျိုးရန် ရည်ရွယ်၍ မြို့သစ်မြို့သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၂၉၀၀)ပင် စိုက်ပျိုးထားကြောင်း သိရသည်။
Jan 31,2022
စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အထက(မယ်စဲ့)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 31,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆေးထိုးရန် အကျုံးဝင်သည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။