အမြို့မြို့အနယ်နယ်သတင်းများ

Jan 31,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဦးရေ စာရင်း များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါ ယမအသင်းလီမိတက်၏ ၂၀၁၉ (မီနီဘတ်ဂျတ်)၊ ၂၀၂၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်များအတွက် အရပ်ရပ်ဆိုင်ရာ အစည်းဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ အိမ်တွင်းမှုသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်း ဉက္ကဋ္ဌ ဦးအောင်သူထိုက်မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့အသင်းအနေဖြင့် ယခင်နှစ်ပတ်လည်များတွင် အသင်းသူ အသင်းသားများကို ဖိတ်ကြားပြီး တက်ရောက်လာကြသူများကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 31,2022
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက် အားပေးခဲ့သည်။
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊သဲဘွက်ကျေးရွာတွင် ဇန် နဝါရီလ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်၍ ဦးမြင့်ရွှေနေအိမ်တစ်လုံးပြိုကျပျက်စီးခံရသော အိမ်ထောင်စုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၂၁၀ဝ)၊ စုစုပေါင်း ရန်ပုံငွေ(၁၀၂၁၀ဝ)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး တစ်အိမ်ထောင်စာ (၄၆၀၃၆/-) တို့ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် အငယ်တန်းစာရေး ဒေါ်အိအိဝင်းမှ သက်ဆိုင်ရာ ဂုံမင်းကျေးရွာအုပ်စုစာရေးဦးမင်းအောင် လက်ဝယ်သို့ ဆက်လက်၍ ထောက်ပံ့ပေးအပ်နိုင်ရေး လွှဲ ပြောင်းပေးအပ်ခဲ့သည်။
Jan 31,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာ တောင်သူဦးဝင်းလှိုင်၏ ကွင်းအမှတ် (၅၆၉)၊ ဦးပိုင်(၆၆)ရှိ (၀.၁၀) ဧကစံကွတ်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတောင်သူ၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။
Jan 31,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်၊ ငပလီမြို့ရှိ၊ ငပလီကမ်းခြေဂေါက်ကလပ်၌ ကျင်းပသည့်  (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပြည်နယ်အတွင်း ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲတက်ရောက်သို့ တက်ရောက်ကြသည်။