အမြို့မြို့အနယ်နယ်သတင်းများ

Jan 31,2022
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ဆေးရောင်စုံ ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ(၃၁)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခြင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် ကြွေပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ယနေ့မွန်းလွဲ(၁)နာရီတွင် လှည့်လည် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည် ။
Jan 31,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါကျေးရွာတွင် ထောက်ပံ့ပေးအပ် ခဲ့သည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစမြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကလေးငယ်များ ပျော်ရွှင်စေရန် ကစားနည်းမျိုးစုံဖြင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ၊ ဇန်နဝါရီ(၃၁)ရက်နေ့ နံနက်(၁၀)နာရီက စကားပုံချိတ်ဆက်ပြိုင်ပွဲကို မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 31,2022
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေးအတွက် မြို့နယ်စီမံချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ဇန်နဝါရီ ၁၃ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရ သည်။
Jan 31,2022
စာရေးဆရာ အောင်သင်း၏ "အံ့ဩစရာ ရိုးရာဓလေ့"စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကနိကျေးရွာအုပ်စု၊ အထက(ကနိ)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင်ဆောင်ရွက်ကြကြောင်းသိရသည်။