မြို့သစ်မြို့သစ်တောဦးစီးဌာနတွင် လူထုဖြန့်သစ်မျိုးစုံပျိုးပင်ပေါင်း(၂၂၉၀၀) ပျိုးထောင်ထားရှိ

မြို့သစ်   ဇန်နဝါရီ  ၃၁

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် မြို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် လူထု ဖြန့်စိုက်ပျိုးရန် ရည်ရွယ်၍ မြို့သစ်မြို့သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၂၉၀၀)ပင် စိုက်ပျိုးထားကြောင်း သိရသည်။

"ပျိုးပင်များပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ယူကလစ်(၈၀၀၀)၊ ယင်းမာ(၅၀၀၀)၊ တမာ (၁၀၀၀)၊ ဇီးဖြူ(၃၅၀၀)၊ မယ်ဇလီ(၁၉၀၀)၊ လျှော်ဖြူ(၂၀၀၀)၊ ဗန်ဒါ (၅၀၀)၊ စိန်ပန်း(၅၀၀)၊ ရေတမာ(၅၀၀)ပင်တို့ စိုက်ပျိုးထားကြောင်းသိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)