စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ မြန်အောင်တွင် ကျင်းပ

မြန်အောင်  ဇန်နဝါရီ  ၃၁

စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

စိန်ရတုပြည်‌ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးထက်ဝေလှိုင်က ပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလယ်တန်း ကျောင်းသူ ကလေးများက အေရိုးဗစ်နှင့် Finish Dance အကတို့ဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုနှင့်ဌာနဆိုင်ရာတို့၏ ပိုက်ကျော်ခြင်းအဖွဲ့များ၊ ဘောလီဘောအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အားကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်