မယ်စဲ့ ဇန်နဝါရီ ၃၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အထက(မယ်စဲ့)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ်ပေးခဲ့သည်။
မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်အရ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဦးစားပေးအုပ်စုများ သတ်မှတ်၍ တိုင်းရင်းသားပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးတို့ကို အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် မြို့နယ်ရုံး၌လည်း နေ့စဉ်ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)