အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်တွင်မြေအောက်ရေအသုံးပြု၍ငရုပ်မျိုးစိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင့်ငါးရာကျပ်၊နှစ်ထောင်ကျပ်ခန့် ရောင်းချရခြင်းကြောင့် ငရုပ်မျိုးစိုက်ပျိုးရောင်းချသူ တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။
Feb 06,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးရောင်းသား/သူများနှင့်ပူးပေါင်းကာ ယမနေ့ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ကွန်တိုင်စျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့ သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း အချိန်က တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသုံးပြု၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) အကြောင်း အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Feb 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာတွင် လားဟူရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို လားဟူနှစ်ခြင်း ဘုရားကျောင်းဝင်းတွင် တပို့တွဲလဆန်း(၁)ရက်နေ့မှစ၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဆင်ပေါင်ဝဲမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊သတိပဌာန်ကျောင်း တိုက်တွင်ကျင်းပသည်။
Feb 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဖေဖော်ဝါရီ၄နေ့နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယံ၊ အောက်ပစ္စယံတို့တွင် ယမန်နေ့ နံနက် (၆) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဌာနဆိုင်ရာဝန်ထမ်း (၆၂၈) ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်း(၂၅၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၅၀)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်အား (၇၅) ဦး၊ စုစုပေါင်း ဝန်ထမ်း အင်အား (၁၀၀၃) ဦးမှ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။