Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက် လမ်းအား ကျောက်ရောမြေသား လမ်းခင်းခြင်းလုပ်ငန်း (၇၅)ရာခိုင်နှုန်းပြီးစီး
Feb 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်း ဆက်လမ်းအား ကျောက်ရော မြေသားလမ်း ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၇၅)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါးများစိုက်ပျိုးနိုင်ရေး ဆည်ရေများဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်လွှတ်ပေးမည်
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း ဆည်ရေသောက် စပါးစိုက်ကွင်းများ အချိန်မီစိုက်ပျိုးနိုင်စေရန် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှစိုက်ပျိုးရေကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော
Feb 04,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေး အတွက် မင်းသားကျွန်း အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများအား သယံဇတဝန်ကြီးမှ ကွင်းဆင်း စစ်ဆေး
Feb 04,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူ များသည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းမှ ဝိုင်းမော် မြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေနှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းဖွံ့ဖြိုးရေးလမ်းများနှင့် တံတား တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ခြံဝင်း၊ ဥယျာဉ်စိုက်ပျိုးရေးသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 04,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး (Home Gardening) နည်းစနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့အတွင်း၌ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ
Feb 04,2022
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့အတွင်း၌ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံ…
Feb 04,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်၌ ကျင်းပမည့် အခမ်းအနား များသို့ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား…
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၁) ရက်နေ့၊ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းများတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ များတွင် မုံရွာမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22767
Page
22768
Page
22769
Page
22770
Current page
22771
Page
22772
Page
22773
Page
22774
Page
22775
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department