အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်၊ ခြောက်လတာကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် နောင်ဟွိုင်ကျေးရွာရှိ လယ်ယာမြေဧက ၉၅ ဧကမှ သီးနှံများဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်လျက်ရှိကြောင်း မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Feb 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီဝင်အသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ခရိုင်ပြန ်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ(၂)ရက်နေ့ နံနက်(၁၀)နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ချယ်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ပြုလုပ်‌ပေးခြင်းကို ယမန်နေ့က အလယ်မန်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် ဆင်းကွင်းဆင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
Feb 04,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက် မည့် (၇၅) နှစ်မြောက်စိန်ရတု ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆို ပြိုင်ပွဲကို ယ‌နေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ တတိယနေ့ကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်းကာ ကလေးသူငယ် အလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး အသိညာဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်ခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့မရဲစခန်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။