ရွှေတိဂုံစေတီတော်တွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်

ဒဂုံ ဖေဖော်ဝါရီ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယံ၊ အောက်ပစ္စယံတို့တွင် ယမန်နေ့ နံနက် () နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဌာနဆိုင်ရာဝန်ထမ်း (၆၂၈) ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်း(၂၅၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၅၀)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်အား (၇၅) ဦး၊ စုစုပေါင်း ဝန်ထမ်း အင်အား (၁၀၀၃) ဦးမှ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါ၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှူအားပေးခဲ့ကြကြောင်း သိရသည်။

မိုးမိုးခိုင်