ရမည်းသင်း ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဆေးပုလဲကုန်းကျေးရွာတွင် ထောပတ်ခရမ်းသီး တစ်နိုင် တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေရရှိနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောပတ်ခရမ်းသီး စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် နှစ်တောင်ပတ်လည် စိုက်ပျိုးရကြောင်း ပျိုးပင်သက် တစ်လခွဲသားမှာ ပြောင်းရွှေ့စိုက်ပျိုးကာ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးသတ်ဆေး၊ အားဆေးများ ပတ်ဖျန်းပေးရကြောင်းနှင့် စိုက်ပျိုးပြီး သုံးလဆိုရင် အသီးများ စတင် ခူးဆွတ်ရောင်းချလိုရပြီဖြစ်ကြောင်း သိရသည်။
ထောပတ်ခရမ်းသီးကို ငါးရက်တစ်ကြိမ်ခူးဆွတ်ရပြီး ထောပတ်ခရမ်းသီး (၁)ပိသာကို (၈၀၀) ကျပ်ဖြင့် ရောင်းချရပြီး တစ်ပတ်လျှင် ပိသာချိန် (၅၀)ထွက်ရှိကာ ငါးရက်ရှားကို (၄၀၀၀၀)ကျပ် ရရှိ၍ မိသားစု ပုံမှန်ဝင်ငွေရရှိနေသည့်အတွက်အဆင်ပြေလျက်ရှိကြောင်း ထောပတ်ခရမ်းသီး စိုက်ပျိုးရောင်းချသူ ဦးမောင်ဝင်းထံက သိရသည်။
ခရိုင် ပြန်/ဆက် (ရမည်းသင်း)