သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးပြုလုပ်သော အားကစား အသိပညာပေးဟောပြောပွဲ၊သရုပ်ပြပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲကျင်းပ 

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်  နာရီအချိန်က အမှတ်()အခြေခံပညာ အထက်တန်းကျောင်း ဝန်းအတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်း မြို့နယ် အားကစားမှူး ဒေါ်ခင်ဆွေအေးက အားကစားနည်းများ ယှဉ်ပြိုင်ရာတွင် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ၊စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြ ကစားနည်းများဖြစ်သော ကြက်တောင်ရိုက်ကစားနည်း၊တိုက်ကွမ်ဒို ကစားနည်းနှင့် ဝှူရှူးကစားနည်းများကိုယ် လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ အားကစား ပစ္စည်း()မျိုးအား ကျောင်းအုပ်ဆရာကြီး ထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး