မိုင်းလုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာအုပ်/စာစောင် ပြပွဲကျင်းပ

မိုင်းလုံ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။

ယခုလို စာအုပ်/စာစောင်ပြပွဲကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းနှင့်အညီ ဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတများကို စာအုပ်စာပေများမှတစ်ဆင့် ရရှိစေရန်၊ စာကြည့်တိုက်ရှိစာအုပ်အမျိုးအစားများကိုသိရှိစေရန်၊  ပြည်ထောင်စုနေ့ကို အမြဲအမှတ်ရ နေစေရန်၊ ကလေးငယ် များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍  ဆောင်ရွက်ရခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော စာအုပ်များ၊ သုတစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ကာတွန်းစာအုပ်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)