(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုလော  ဇန်နဝါရီလ  

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော် အလံ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် အများ သက်ဆိုင်သော ရုံး၊ ကျောင်း၊ အဆောက်အဦများ၊ ပုဂ္ဂလိက အဆောက်အဦ များတွင် နိုင်ငံတော် အလံ လွှင်ထူရန်၊ ရောင်စုံမီးများထွန်းရန် တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အခမ်းအနားကျင်းပရေး ၊ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး ဆပ်ကော်မတီ ဉက္ကဌ များက တင်ပြဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အေးအေးမော် (ပုလော)