Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လူငယ်သင်တန်းကျောင်း(မန္တလေး)မှ သင်တန်းသားများအတွက် လျပ်စစ်သွယ်တန်းတတ်ဆင်ခြင်းသင်တန်း ဖွင့်လှစ်
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော လျပ်စစ်သွယ်တန်း တတ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးဩအောင် မြေသာစံမြို့နယ် ၇၃ လမ်း ၁၂ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသ…
Feb 03,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခ ဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက် ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Feb 03,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့်နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၁)ရက် နံနက် ၁၀နာရီက အထက(၁) ရာပြည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)(YMBA)တွင် ၂/၂၀၂၂ဘွဲ့တော်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ၊ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်အောက် ပစ္စယာ၊ မော်တော်ယဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို) (YMBA)တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့(၁-၂-၂၀၂၂) နေ့နံနက်(၀၈း၃၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBAအသင်း ဥက္ကဋ္ဌဦးရဲထွန်း၊ဒုတိယဥက္ကဌဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ဖြူးမြို့နယ်တွင် ပြုလုပ်
Feb 03,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရွက်ပုံးသီး မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး မြို့နယ်မှတဆင့် ခရိုင်/တိုင်း/ နိုင်ငံတော်အဆင့်အထိ ပါဝင်ယှဉ်ပြိုင်လာနိုင်စေရေးအတွက် ရည်ရွယ်ကာ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ် အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်နှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာ ရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းမှ သင်တန်းသားများအား မုန့်မျိုးစုံ ပြုလုပ်ခြင်း သင်တန်းဆင်းပွဲပြုလုပ်
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော မုန့်မျိုးစုံပြုလုပ်ခြင်း သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန လူငယ်သင်တန်းကျောင်း(ပုသိမ်ကြီး)တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် မြို့တော်ဝန်ဖလား အလွတ်တန်း ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကျင်းပ
Feb 03,2022
မန္တလေးမြို့တွင် မြို့တော်ဝန်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၁ရက်နေ့ မွန်းလွဲ၂နာရီခွဲက ၂၆လမ်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးရှေ့တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22734
Page
22735
Page
22736
Page
22737
Current page
22738
Page
22739
Page
22740
Page
22741
Page
22742
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department