အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်ကုတ်တပ်နယ်မှ မိသားစု ဝင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲကို ဖေဖေါ်ဝါရီ(၁) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိစက်မှုဇုံများတွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
Feb 03,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Feb 03,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်ပင်သာယာ ရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်က အဆိုပါလမ်းတွင်ကျင်းပသည်။
Feb 03,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ ဖေဖော်ဝါရီ (၁) ရက်နေ့ ညနေ(၃)နာရီအချိန် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Feb 03,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရဟန်း၊ သာမဏေများ ခေတ္တနားခိုသည့် မြို့နယ် သာသနာ့ဗိမာန်စု ရပ်မှ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်က စတင်၍ မြို့တစ်ပတ်လှည့်လည် ကျင်းပပြုလုပ်သည်။
Feb 03,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Feb 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယနေ့မွန်းလွဲ (၁:၀၀) နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားအား မြို့နယ်အားကစားကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။