Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဦးမြို့၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပ
Feb 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်ပြီး ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများ စုပေါင်း၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) (YMBA) တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် အောက်ပစ္စယာ၊ မော်တော်ယာဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) (YMBA) တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် (၀၈:၃၀) နာရီ အချိန်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် ယမုံနာ ( ၁) ရပ်ကွက်ရှိ အ.မ.က (၁) ကျောင်းတွင် အားကစားကွင်းဖွင့်ပွဲကျင်းပ
Feb 03,2022
ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကာယစွမ်းအားများ တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် ယမုံနာ (၁) ရပ်ကွက်ရှိ အ.မ.က(၁) ကျောင်းဝန်းအတွင်း အားကစားကွင်းအား ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Feb 03,2022
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်က အမှာစကားနှင့်အတူ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်၍လည်းကောင်း၊ အဆိုပါ ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ကျေးရွာနေပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း ရှင်းလင်းတိုက်တွန်း ပြောကြာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Feb 03,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင်ပူဇော်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ
Feb 03,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော် များအား စာအောင်ဆုနှင်းသဘင် ပူဇော်ပွဲမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 02,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုတော်ငွေဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင်ကို ဖေဖော်ဝါရီ(၁)ရက် နေ့လယ်ပိုင်း က မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22735
Page
22736
Page
22737
Page
22738
Current page
22739
Page
22740
Page
22741
Page
22742
Page
22743
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department