Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ
Feb 03,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် မြို့တွင်း၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်မှုများဆောင်ရွက်
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆူးလေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ဖေဖေါ်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Feb 03,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၁-၂၀၂၂ ( Mini Budget) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် (၅၉.၈၂)သန်း ဖြင့် လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုး မြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းကို ဖေဖော်ဝါရီလ (၁)ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကျင်းပ
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှစ်ပတ်လည် နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၄နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နံနက်၅နာရီခွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် အန္တရာယ် ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Feb 03,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဘော လုံးပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် online မှတဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Feb 03,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကာတွန်းသရုပ်ဖော် သီဟမှ ရေးသားထားသည့် ကိုယ်စ တန်ဖိုးစာအုပ်အား စာကြည့်တိုက်ကိုလာရောက်သောသားငယ် သမီးငယ်များအားပြောြပပြီး စာကြည့်တိုက်ကို မလာရောက်နိုင်သော စာပေမြတ်နိုးသူ သားသားမီးမီးတို့အတွက် Online မှ တဆင့်အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22728
Page
22729
Page
22730
Page
22731
Current page
22732
Page
22733
Page
22734
Page
22735
Page
22736
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department