ညောင်တုန်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ကျောင်းသား/ကျောင်းသူလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး စိတ်ဓာတ်ခွန်အား ထက်မြတ်စေရန်၊ အချင်းချင်း ရင်းနှီးချစ်ခင်စည်းလုံးစေရန်နှင့် ကျန်းမာပျော်ရွှင်စေရန်အတွက် ပျော်ပွဲရွှင်ပွဲအဖြစ် ဘဲဉကောက်ပြိုင်ပွဲ၊ ဆန်ကောရွက် ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက ပျော်ရွှင်စွာ ယှည်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က အမှတ်တရဆု လက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)