မောတောင်မြို့သို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေး

တနင်္သာရီ ဖေဖော်ဝါရီလ ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည်“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာမှာ အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသားစီစစ်ရေးကတ် (မရှိ) သေးသူများကို လုပ်ငန်းစဉ် (၄)မျိုးဖြင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး ပြုလုပ်ပေးရာ နိုင် (၃/က) (၁၂)ဦး၊ နိုင် ၆(က) (၄၁)ဦး၊ လဲလှယ်(၆)ဦးနှင့် ကတ်ပြားပျောက်ဆုံး/ပျက်စီး၍ မိတ္တူလျှောက်ထားသူ (၁၀)ဦး၊ သို့ပါ၍ နိုင်ငံသားကတ်ပြုလုပ်သူပေါင်း (၆၉)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၂)စုတို့အား ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် လုပ်ငန်းများ ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(လဝက)ရုံးမှ သိရှိရသည်။

ထိန်ဝင်း