ရေနံချောင်းမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး Mask Campaign လှုပ်ရှားဆောင်ရွက်

ရေနံချောင်း ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign လှုပ်ရှားမှုကို မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။       

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူးဦးကျော်စိန်မြနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှူဆောင်ဒေါ်မြင့်မြင့်ဦးနှင့် အဖွဲ့ဝင်များက ရေနံချောင်းမြို့မဈေးကြီး အတွင်းနှင့် ဈေးအပြင်ဘက်ရှိ စျေးရောင်းဈေးဝယ်ပြည်သူများအား နှားခေါင်းစည်းအခုရေ ၂၀၀၀၊ လက်သန့်ဆေးဗူးငယ် ၁၅၀၊ မျက်နှာအကာ (Face shield) ၁၅၀ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသူအောင်