ကံမမြို့ အမှတ်(၂)ရပ်ကွက် ရွှေဂူကွက်သစ်လမ်း အုတ်စီရေမြောင်း ပြုလုပ်ဆောင်ရွက်

ကံမ ဖေဖေါ်ဝါရီ  ၃

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် ရွှေဂူကွက်သစ်လမ်း၌ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ယခင်မြေသား ရေမြောင်းအဖြစ်မှ အုတ်စီရေမြောင်း ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆောင်ရွက်သည့် အုတ်စီရေမြောင်းမှာ အရှည် ၂၀၀ ပေ၊ အနံ၂ ပေ၊ အနက် ၃ ပေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ်သိန်း (၇၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း