မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

မြင်းခြံ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက  ကျင်းပပြုလုပ် ခဲ့သည်။

အများပြည်သူ စာပေဖတ်ရှုမှုတွင် စိတ်ပါဝင်စားလာစေရန်၊ ခရိုင်ရုံးစာကြည့်တိုက်ရှိ စာအုပ်အမျိုးအစား များကို လေ့လာသိရှိနိုင်စေရန်၊ မိမိတို့စိတ်ပါဝင်စားသည့် စာအုပ်များကိုအခမဲ့ ဖတ်ရှုနိုင်ရန်၊ စာကြည့် တိုက်အသင်းဝင်တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပေး ရခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက ပြောသည်။အဆိုပါ စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                                                                       

ကျော်စွာ(မြင်းခြံ)