သဲကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

သဲကုန်း  ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန့်နေ့က စက်မှုလယ်ယာ ဦးစီးဌာနရုံးရှေ့မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ()သင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ()သင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန()သင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ()သင်း၊ ပညာရေးဌာနမှ()သင်း၊ ကျန်းမာရေးဌာနမှ()သင်းနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ()သင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း သင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)