ကျိုက်လတ်မြို့ ကန်တော်ကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ကျိုက်လတ် ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့အနေဖြင့် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်းစေရေး ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ()လမ်းမှ ()လမ်းအထိ ကန်တော်ကြီးပတ်လမ်း အား ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်တော်ကြီးပတ်လမ်း ကွန်ကရစ်ခင်းခြင်းအား Napoluan Co..,Ltd က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လမ်းအရှည် ၂၃၉၂ ပေ၊ အကျယ် ၁၆ ပေနှင့် ထု ၆ လက်မရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်()လတာကာလ ခွင့်ပြုရန်ပုံငွေ (၈၁.၅၃၆)သန်း အကုန်ကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ( လမ်းမှ ၈ လမ်း) ကန်တော်ကြီးပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပါက အ.ထ.က(၁) အ.ထ.က(၂) ကျောင်းများသို့ သွားလာကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကန်တော်ကြီးသို့ အပန်းပြေသွားလာသူ ပြည်သူများ သွားလာရေးများ အဆင်ပြေကောင်းမွန် သွားတော့မှာဖြစ်ပြီး၊ လမ်းအသုံးပြုသူ ပြည်သူတစ်ဦးက ဒီလမ်းကွန်ကရစ်လမ်း ခင်းပြီးသွားရင်တော့ နေ့တိုင်း ကန်တော်ကြီးကိုတက်ပြီး လမ်းလျှောက်ရတာ အလွန်အဆင်ပြေ သွားတော့မှာဖြစ်လို့ ဝမ်းသာရပါကြောင်းနှင့် ကလေးတွေ ကျောင်းသွားရင် လမ်းကောင်းကောင်းလေးက သွားရတော့မှာဖြစ်လို့‌ ဝမ်းသာရပါတယ်လို့ ဝမ်းသာပီတိစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဌေးဌေးလှိုင်