သဲကုန်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က ယခုဆောက်လုပ်ထားသော ဘက်စုံသုံးခန်းမသည် လူထုဗဟိုပြု စီမံကန်းမှ ထောက်ပံ့ငွေ (၁၁.၆၁၈၇၈) ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၀ .၁၉၆၇၅၀) ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော ဘက်စုံသုံးခန်းမဖြစ်ကြောင်းနှင့် လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘက်စုံသုံးခန်းမကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဟံအေးနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဒေါ်လေးလေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးလက် ပြည်သူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)