ရေနံချောင်းတက္ကသိုလ်၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စုပေါင်းထမနဲထိုးပွဲ ကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်း တက္ကသိုလ်၌ ယခုလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဌာန ဝန်ထမ်းများ၊ သင်ကြားရေးဌာန ဆရာ၊ ဆရာမများ စုပေါင်းထမနဲထိုးပွဲကို ယနေ့နံနက် နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ခေတ္တ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲကို ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာချိုချိုမြင့် ဦးဆောင်၍ သင်ကြားရေးဆရာ ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများ အနေဖြင့် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး သင်ကြားရေးဌာန(၁၂)ဌာန၊ စီမံဘဏ္ဍာဌာန၊ သင်တန်းရေးရာဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)