ငဖဲ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများလွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့က ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရုံးတို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးအောင်ကိုလတ်နှင့် ဒုလဝကမှူး ဦးဇော်မိုးထွန်း တို့ က ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူမှုဘဝဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သော ပဒါန်းကျေးရွာမှ ပြည်သူ (၅၇)ဦး၊ ရင့်ရှည်ကျေးရွာမှ ပြည်သူ (၃၆)ဦး နှင့် ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး စုစုပေါင်းပြည်သူ (၁၁၇)ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)